皆さんこんにちは ဒီနေ့ကတော့ ဂျပန်နိုင်ငံမှာ 『こどもの日 』ဆိုတဲ့ ကလေးများနေ့ဖြစ်ပြီး အများပြည်သူရုံးပိတ်ရက်ဖြစ်ပါတယ်။ ကလေးများနေ့မှာ အိမ်တွေမှာ こいのぼり လို့ခေါ်တဲ့ငါးရုပ်လေးတွေကို ချိတ်ဆွဲလေ့ရှိကြပါတယ်။ 「コイ」ဆိုတဲ့ ငါးအမျိုးစားဟာ သန့်ရှင်းတဲ့ရေမှာသာမက အခြားသောရေတွေမှာလဲ ရှင်သန်နိုင်တဲ့ငါးအမျိုးအစားဖြစ်ပါတယ်။တနည်းအားဖြင့်သန်မာတဲ့ ငါးအမျိုးစားဖြစ်ပါတယ်။(ပုံထဲမှာကြည့်မယ်ဆို)ကျယ်ပြန့်တဲ့ကောင်းကင်မှာ လွတ်လပ်စွာကူးခတ်တော့မယ်ဟန်လေးရှိပါတယ်။အဓိပ္ပါယ်ကတော့ မိဘတွေက ကိုယ့်ကလေးကို ကျန်းမာစွာနဲ့ ရှင်သန်ကြီးထွားစေဖို့၊ ဘဝမှာ အောင်မြင်စွာနဲ့ လွတ်လပ်စွာရှင်သန်ရပ်တည်နိုင်ဖို့ ဆိုတဲ့ အဓိပ္ပါယ်တွေနဲ့ ချိတ်ဆွဲကြတာဖြစ်ပါတယ်။ 鯉のぼり(こいのぼり)လေးတွေကို အရောင်စုံတွေ့မြင်နိုင်ပေမယ့် အခြေခံအားဖြင့်တော့ အပြာ၊အနီ၊အဝါ၊အဖြူ၊အမဲ ဆိုတဲ့ အရောင် ၅ရောင်ကို အဓိကထား ပြုလုပ်လေ့ရှိပါတယ်။ 「こいのぼり」နဲ့အတူ အပေါ်ဆုံးမှာ တွဲချိတ်ထားတာကိုတော့ (ပုံတွင်ကြည့်) 『吹き流しふきながし』လို့ခေါ်ပြီး အရောင်ကတော့ အထက်ပါ ၅ရောင်ကို အခြေခံပြီး လုပ်လေ့ရှိပါတယ်။ ခုလို ဂျပန်နိုင်ငံနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေနဲ့ အတူ ဂျပန်စာကို အခြေခံမှစ စနစ်တကျလေ့လာချင်ရင်တော့ https://www.face...