みんなさん、こんばんは❣️
ဒီနေ့တော့ ဂျပန်နိုင်ငံရဲ့ ရိုးရာပွဲတော်တွေထဲကတခုကိုပြောပြချင်ပါတယ်။
အဲ့ဒါကတော့ お盆祭り(obonmatsuri)ဆိုတဲ့ နွေရာသီမှာကျင်းပလေ့ရှိတဲ့
ပွဲတော်ဖြစ်ပါတယ်။ပွဲတော်ရက်ကတော့နှစ်စဉ် ၈လပိုင်း ၁၃ရက်ကနေ ၁၆ရက်နေ့ထိဖြစ်ပါတယ်။နေရာဒေသပေါ်မူတည်ပြီးအချိန်အနည်းငယ်မတူပါဘူး။တိုကျိုဒေသတဝိုက်ကတော့ ၈လပိုင်း၁၃ရက်နေ့ကစပါတယ်။ပွဲတော်ရဲ့ရည်ရွယ်ချက်ကတော့ကွယ်လွန်ပြီးဘိုးဘေးတွေကိုကန်တော့ကြဖို့ပါ။ပွဲတော်ရဲ့အစရက်(၁၃ရက်နေ့)ကို
迎え盆(mukaebon)လို့ခေါ်ပြီး အဆုံးရက်ကိုတော့送り盆(okuribon)လို့ခေါ်ပါတယ်။ဘိုးဘေးတွေရဲ့ဝိညဉ်တွေအိမ်ကိုလာနိုင်အောင်လို့မီးပုံလေးရှို့ပြီးလမ်းပြကြပါတယ်။ပွဲတော်ရက်အတွင်းအိမ်မှာအစားသောက်တွေနဲ့ပူဇော်ကန်တော့ကြပါတယ်။အိမ်ကိုအမြန်လာနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့အစားသောက်တွေထဲမှာဒုတ်လေး၄ချောင်းစိုက်ထားတဲ့သခွါးသီး(မြင်းကိုကိုယ်စားပြု)ရယ်၊ခရမ်းသီး(နွားကိုကိုယ်စားပြု)ထည့်ပေးထားပါတယ်။ပွဲတော်အဆုံးရက်တွေမှာတော့ 盆踊り(bonodori)ဆိုတော့ အိုဘွန်းပွဲတော်အကကိုကကြပါတယ်။ပုံလေးတွေမှာကြည့်နော်😊😊😊😊😊🏮🏮🏮🏮🏮🏮🏮🏮🏮🏮🏮🏮🏮
ဒါကတော့ဂျပန်ရိုးရာအိုဘွန်းပွဲတော်ရဲ့အကြောင်းလေးပါ။
ခုလိုမျိုးဂျပန်ရိုးရာယဉ်ကျေးမှု့တွေနဲ့အတူ ဂျပန်စာကိုသင်ယူလေ့လာချင်တယ်ဆိုရင်တော့👇👇👇👇👇👇👇👇👇👇👇👇👇
https://www.facebook.com/cutiessakura/
TSUBAKI JAPANESE LANGUAGE ONLINE CLASS ကိုဆက်သွယ်လိုက်နော်
#tsubakijapaneselanguageclasses
#ツバキ日本語学校
#japaneselanguage
All photos credit to internet
Comments
Post a Comment