Skip to main content

お盆祭り Obonmatsuri





 みんなさん、こんばんは❣️


ဒီနေ့တော့ ဂျပန်နိုင်ငံရဲ့ ရိုးရာပွဲတော်တွေထဲကတခုကိုပြောပြချင်ပါတယ်။

အဲ့ဒါကတော့ お盆祭り(obonmatsuri)ဆိုတဲ့ နွေရာသီမှာကျင်းပလေ့ရှိတဲ့ 

ပွဲတော်ဖြစ်ပါတယ်။ပွဲတော်ရက်ကတော့နှစ်စဉ် ၈လပိုင်း ၁၃ရက်ကနေ ၁၆ရက်နေ့ထိဖြစ်ပါတယ်။နေရာဒေသပေါ်မူတည်ပြီးအချိန်အနည်းငယ်မတူပါဘူး။တိုကျိုဒေသတဝိုက်ကတော့ ၈လပိုင်း၁၃ရက်နေ့ကစပါတယ်။ပွဲတော်ရဲ့ရည်ရွယ်ချက်ကတော့ကွယ်လွန်ပြီးဘိုးဘေးတွေကိုကန်တော့ကြဖို့ပါ။ပွဲတော်ရဲ့အစရက်(၁၃ရက်နေ့)ကို

迎え盆(mukaebon)လို့ခေါ်ပြီး အဆုံးရက်ကိုတော့送り盆(okuribon)လို့ခေါ်ပါတယ်။ဘိုးဘေးတွေရဲ့ဝိညဉ်တွေအိမ်ကိုလာနိုင်အောင်လို့မီးပုံလေးရှို့ပြီးလမ်းပြကြပါတယ်။ပွဲတော်ရက်အတွင်းအိမ်မှာအစားသောက်တွေနဲ့ပူဇော်ကန်တော့ကြပါတယ်။အိမ်ကိုအမြန်လာနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့အစားသောက်တွေထဲမှာဒုတ်လေး၄ချောင်းစိုက်ထားတဲ့သခွါးသီး(မြင်းကိုကိုယ်စားပြု)ရယ်၊ခရမ်းသီး(နွားကိုကိုယ်စားပြု)ထည့်ပေးထားပါတယ်။ပွဲတော်အဆုံးရက်တွေမှာတော့ 盆踊り(bonodori)ဆိုတော့ အိုဘွန်းပွဲတော်အကကိုကကြပါတယ်။ပုံလေးတွေမှာကြည့်နော်😊😊😊😊😊🏮🏮🏮🏮🏮🏮🏮🏮🏮🏮🏮🏮🏮


ဒါကတော့ဂျပန်ရိုးရာအိုဘွန်းပွဲတော်ရဲ့အကြောင်းလေးပါ။


ခုလိုမျိုးဂျပန်ရိုးရာယဉ်ကျေးမှု့တွေနဲ့အတူ ဂျပန်စာကိုသင်ယူလေ့လာချင်တယ်ဆိုရင်တော့👇👇👇👇👇👇👇👇👇👇👇👇👇


https://www.facebook.com/cutiessakura/


TSUBAKI JAPANESE LANGUAGE ONLINE CLASS ကိုဆက်သွယ်လိုက်နော်


#tsubakijapaneselanguageclasses

#ツバキ日本語学校

#japaneselanguage


All photos credit to internet

Comments

Popular posts from this blog

ဂျပန်နိုင်ငံရဲ့ ကလေးများနေ့

  皆さんこんにちは ဒီနေ့ကတော့ ဂျပန်နိုင်ငံမှာ 『こどもの日 』ဆိုတဲ့ ကလေးများနေ့ဖြစ်ပြီး အများပြည်သူရုံးပိတ်ရက်ဖြစ်ပါတယ်။ ကလေးများနေ့မှာ အိမ်တွေမှာ こいのぼり လို့ခေါ်တဲ့ငါးရုပ်လေးတွေကို ချိတ်ဆွဲလေ့ရှိကြပါတယ်။ 「コイ」ဆိုတဲ့ ငါးအမျိုးစားဟာ သန့်ရှင်းတဲ့ရေမှာသာမက အခြားသောရေတွေမှာလဲ ရှင်သန်နိုင်တဲ့ငါးအမျိုးအစားဖြစ်ပါတယ်။တနည်းအားဖြင့်သန်မာတဲ့ ငါးအမျိုးစားဖြစ်ပါတယ်။(ပုံထဲမှာကြည့်မယ်ဆို)ကျယ်ပြန့်တဲ့ကောင်းကင်မှာ လွတ်လပ်စွာကူးခတ်တော့မယ်ဟန်လေးရှိပါတယ်။အဓိပ္ပါယ်ကတော့ မိဘတွေက ကိုယ့်ကလေးကို ကျန်းမာစွာနဲ့ ရှင်သန်ကြီးထွားစေဖို့၊ ဘဝမှာ အောင်မြင်စွာနဲ့ လွတ်လပ်စွာရှင်သန်ရပ်တည်နိုင်ဖို့ ဆိုတဲ့ အဓိပ္ပါယ်တွေနဲ့ ချိတ်ဆွဲကြတာဖြစ်ပါတယ်။ 鯉のぼり(こいのぼり)လေးတွေကို အရောင်စုံတွေ့မြင်နိုင်ပေမယ့် အခြေခံအားဖြင့်တော့ အပြာ၊အနီ၊အဝါ၊အဖြူ၊အမဲ ဆိုတဲ့ အရောင် ၅ရောင်ကို အဓိကထား ပြုလုပ်လေ့ရှိပါတယ်။ 「こいのぼり」နဲ့အတူ အပေါ်ဆုံးမှာ တွဲချိတ်ထားတာကိုတော့ (ပုံတွင်ကြည့်) 『吹き流しふきながし』လို့ခေါ်ပြီး အရောင်ကတော့ အထက်ပါ ၅ရောင်ကို အခြေခံပြီး လုပ်လေ့ရှိပါတယ်။ ခုလို ဂျပန်နိုင်ငံနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေနဲ့ အတူ ဂျပန်စာကို အခြေခံမှစ စနစ်တကျလေ့လာချင်ရင်တော့ https://www.face...

Tsubaki ဂျပန်စာသင်တန်းကျောင်း အားသာချက်များ