みんなさん こんにちは❣️ ဒီနေ့မှာတော့ N4 level မှာပါတဲ့ခန်းဂျိလေးကိုပြောပြပါမယ်။ 👉物(mono)ဆိုတဲ့စားလုံးလေးပဲဖြစ်ပါတယ်။အဓိပ္ပါယ်ကတော့ အရာဝတ္ထု၊ပစ္စည်းဖြစ်ပါတယ်။ဒါဆိုသူနဲ့တွဲဖက်စာလုံးလေးတွေကိုလေ့လာကြည့်ရအောင်။ ⓵ စားသည်လို့အဓိပ္ပါယ်ရတဲ့ 食べる(taberu)➕物    👉 食べ物(tabemono)စားစရာဆိုတဲ့အဓိပ္ပါယ်ရပါတယ်။ ⓶ သောက်သည်လို့အဓိပ္ပါယ်ရတဲ့ 飲む(nomu)➕物  👉 飲み物(nomimono)သောက်စရာဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ ⓷ ဝတ်ဆင်သည်လို့အဓိပ္ပါယ်ရတဲ့ 着る(kiru)➕物 👉👉 着物(kimono) 👘👘👘ကီမိုနို(ဂျပန်ရိုးရာဝတ်စုံ)ဆိုတဲ့အဓိပ္ပါယ်ပါ။ ခုပြောပြတဲ့စာလုံးလေးတွေအားလုံးဟာ N5/N4 levelစာလုံးလေးတွေပဲဖြစ်ပါတယ်။ ခန်းဂျိတလုံးခြင်းအပြင် ခုလိုတွဲလုံလေးတွေကိုပါကျက်ထားမယ်ဆိုရင်တော့စာမေးပွဲမှာလဲအခက်ခဲမရှိဖြေဆိုနိုင်မှာပါ။ ✍️✍️✍️頑張ってくださいね #tsubaki日本語学校 #tsubakijapaneselanguagecentre #kanji
 みんなさん、こんばんは❣️ ဒီနေ့တော့ ဂျပန်နိုင်ငံရဲ့ ရိုးရာပွဲတော်တွေထဲကတခုကိုပြောပြချင်ပါတယ်။ အဲ့ဒါကတော့ お盆祭り(obonmatsuri)ဆိုတဲ့ နွေရာသီမှာကျင်းပလေ့ရှိတဲ့  ပွဲတော်ဖြစ်ပါတယ်။ပွဲတော်ရက်ကတော့နှစ်စဉ် ၈လပိုင်း ၁၃ရက်ကနေ ၁၆ရက်နေ့ထိဖြစ်ပါတယ်။နေရာဒေသပေါ်မူတည်ပြီးအချိန်အနည်းငယ်မတူပါဘူး။တိုကျိုဒေသတဝိုက်ကတော့ ၈လပိုင်း၁၃ရက်နေ့ကစပါတယ်။ပွဲတော်ရဲ့ရည်ရွယ်ချက်ကတော့ကွယ်လွန်ပြီးဘိုးဘေးတွေကိုကန်တော့ကြဖို့ပါ။ပွဲတော်ရဲ့အစရက်(၁၃ရက်နေ့)ကို 迎え盆(mukaebon)လို့ခေါ်ပြီး အဆုံးရက်ကိုတော့送り盆(okuribon)လို့ခေါ်ပါတယ်။ဘိုးဘေးတွေရဲ့ဝိညဉ်တွေအိမ်ကိုလာနိုင်အောင်လို့မီးပုံလေးရှို့ပြီးလမ်းပြကြပါတယ်။ပွဲတော်ရက်အတွင်းအိမ်မှာအစားသောက်တွေနဲ့ပူဇော်ကန်တော့ကြပါတယ်။အိမ်ကိုအမြန်လာနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့အစားသောက်တွေထဲမှာဒုတ်လေး၄ချောင်းစိုက်ထားတဲ့သခွါးသီး(မြင်းကိုကိုယ်စားပြု)ရယ်၊ခရမ်းသီး(နွားကိုကိုယ်စားပြု)ထည့်ပေးထားပါတယ်။ပွဲတော်အဆုံးရက်တွေမှာတော့ 盆踊り(bonodori)ဆိုတော့ အိုဘွန်းပွဲတော်အကကိုကကြပါတယ်။ပုံလေးတွေမှာကြည့်နော်😊😊😊😊😊🏮🏮🏮🏮🏮🏮🏮🏮🏮🏮🏮🏮🏮 ဒါကတော့ဂျပန်ရိုးရာအိုဘွန်းပွဲတော်ရဲ့အကြောင်းလေးပါ။ ခုလိုမျိုးဂျပန်ရိုးရာယဉ်ကျေးမှု...