Skip to main content

 みんなさん

こんにちは❣️


ဒီနေ့မှာတော့ N4 level မှာပါတဲ့ခန်းဂျိလေးကိုပြောပြပါမယ်။



👉物(mono)ဆိုတဲ့စားလုံးလေးပဲဖြစ်ပါတယ်။အဓိပ္ပါယ်ကတော့ အရာဝတ္ထု၊ပစ္စည်းဖြစ်ပါတယ်။ဒါဆိုသူနဲ့တွဲဖက်စာလုံးလေးတွေကိုလေ့လာကြည့်ရအောင်။


⓵ စားသည်လို့အဓိပ္ပါယ်ရတဲ့ 食べる(taberu)➕物

 

 👉 食べ物(tabemono)စားစရာဆိုတဲ့အဓိပ္ပါယ်ရပါတယ်။


⓶ သောက်သည်လို့အဓိပ္ပါယ်ရတဲ့ 飲む(nomu)➕物


 👉 飲み物(nomimono)သောက်စရာဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။


⓷ ဝတ်ဆင်သည်လို့အဓိပ္ပါယ်ရတဲ့ 着る(kiru)➕物


👉👉 着物(kimono) 👘👘👘ကီမိုနို(ဂျပန်ရိုးရာဝတ်စုံ)ဆိုတဲ့အဓိပ္ပါယ်ပါ။


ခုပြောပြတဲ့စာလုံးလေးတွေအားလုံးဟာ N5/N4 levelစာလုံးလေးတွေပဲဖြစ်ပါတယ်။

ခန်းဂျိတလုံးခြင်းအပြင် ခုလိုတွဲလုံလေးတွေကိုပါကျက်ထားမယ်ဆိုရင်တော့စာမေးပွဲမှာလဲအခက်ခဲမရှိဖြေဆိုနိုင်မှာပါ။


✍️✍️✍️頑張ってくださいね


#tsubaki日本語学校

#tsubakijapaneselanguagecentre

#kanji

Comments

Popular posts from this blog

お盆祭り Obonmatsuri

 みんなさん、こんばんは❣️ ဒီနေ့တော့ ဂျပန်နိုင်ငံရဲ့ ရိုးရာပွဲတော်တွေထဲကတခုကိုပြောပြချင်ပါတယ်။ အဲ့ဒါကတော့ お盆祭り(obonmatsuri)ဆိုတဲ့ နွေရာသီမှာကျင်းပလေ့ရှိတဲ့  ပွဲတော်ဖြစ်ပါတယ်။ပွဲတော်ရက်ကတော့နှစ်စဉ် ၈လပိုင်း ၁၃ရက်ကနေ ၁၆ရက်နေ့ထိဖြစ်ပါတယ်။နေရာဒေသပေါ်မူတည်ပြီးအချိန်အနည်းငယ်မတူပါဘူး။တိုကျိုဒေသတဝိုက်ကတော့ ၈လပိုင်း၁၃ရက်နေ့ကစပါတယ်။ပွဲတော်ရဲ့ရည်ရွယ်ချက်ကတော့ကွယ်လွန်ပြီးဘိုးဘေးတွေကိုကန်တော့ကြဖို့ပါ။ပွဲတော်ရဲ့အစရက်(၁၃ရက်နေ့)ကို 迎え盆(mukaebon)လို့ခေါ်ပြီး အဆုံးရက်ကိုတော့送り盆(okuribon)လို့ခေါ်ပါတယ်။ဘိုးဘေးတွေရဲ့ဝိညဉ်တွေအိမ်ကိုလာနိုင်အောင်လို့မီးပုံလေးရှို့ပြီးလမ်းပြကြပါတယ်။ပွဲတော်ရက်အတွင်းအိမ်မှာအစားသောက်တွေနဲ့ပူဇော်ကန်တော့ကြပါတယ်။အိမ်ကိုအမြန်လာနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့အစားသောက်တွေထဲမှာဒုတ်လေး၄ချောင်းစိုက်ထားတဲ့သခွါးသီး(မြင်းကိုကိုယ်စားပြု)ရယ်၊ခရမ်းသီး(နွားကိုကိုယ်စားပြု)ထည့်ပေးထားပါတယ်။ပွဲတော်အဆုံးရက်တွေမှာတော့ 盆踊り(bonodori)ဆိုတော့ အိုဘွန်းပွဲတော်အကကိုကကြပါတယ်။ပုံလေးတွေမှာကြည့်နော်😊😊😊😊😊🏮🏮🏮🏮🏮🏮🏮🏮🏮🏮🏮🏮🏮 ဒါကတော့ဂျပန်ရိုးရာအိုဘွန်းပွဲတော်ရဲ့အကြောင်းလေးပါ။ ခုလိုမျိုးဂျပန်ရိုးရာယဉ်ကျေးမှု...

kanji of the year

  kanji of the year ***************** ဂျပန်နိုင်ငံမှာ နှစ်စဉ် ၁၂လပိုင်း ၁၂ရက် ရောက်တိုင်း ခန်းဂျိစာလုံး တလုံးရွေးချယ်လေ့ရှိပါတယ်။ တနှစ်တာလုံး ဖြစ်ပျက်ခဲ့တာတွေကို အခြေခံပြီး စဉ်းစားရွေးချယ်ပါတယ်။ Japanese Kanji Proficiency Society(日本漢字能力検定協会) မှ1995 ခုနှစ်မှ စပြီး နှစ်စဉ် December 12ရက်နေ့ကို Kanji Day အဖြစ် သတ်မှတ်ပြီး ကျိုတိုမြို့ မှာရှိတဲ့ Kiyomizu Temple(清水寺)မှာရွေးချယ်ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်ရဲ့ ခန်းဂျိကတော့ (戦)ဖြစ်ပြီး (စစ်ပွဲ၊ ယှဉ်ပြိုင်တိုက်ခိုက်ခြင်း)ဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်။ ယူကရိန်း၊ ရုရှားအရေး နဲ့ကမ္ဘာ့ဖလားပြိုင်ပွဲ၊ လက်ရှိ ဂျပန်ယန်းတန်ဖိုး ကျဆင်းမှု ကုန်စျေးနှုန်း မြင့်တက်လာမှု့ စတာတွေကြောင့် ဒီခန်းဂျိိကို ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။ #tsubakijapaneselanguageclasses #japaneselanguage

Tsubaki ဂျပန်စာသင်တန်းကျောင်း အားသာချက်များ