みんなさん こんにちは❣️ ဒီနေ့မှာတော့ N4 level မှာပါတဲ့ခန်းဂျိလေးကိုပြောပြပါမယ်။ 👉物(mono)ဆိုတဲ့စားလုံးလေးပဲဖြစ်ပါတယ်။အဓိပ္ပါယ်ကတော့ အရာဝတ္ထု၊ပစ္စည်းဖြစ်ပါတယ်။ဒါဆိုသူနဲ့တွဲဖက်စာလုံးလေးတွေကိုလေ့လာကြည့်ရအောင်။ ⓵ စားသည်လို့အဓိပ္ပါယ်ရတဲ့ 食べる(taberu)➕物 👉 食べ物(tabemono)စားစရာဆိုတဲ့အဓိပ္ပါယ်ရပါတယ်။ ⓶ သောက်သည်လို့အဓိပ္ပါယ်ရတဲ့ 飲む(nomu)➕物 👉 飲み物(nomimono)သောက်စရာဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ ⓷ ဝတ်ဆင်သည်လို့အဓိပ္ပါယ်ရတဲ့ 着る(kiru)➕物 👉👉 着物(kimono) 👘👘👘ကီမိုနို(ဂျပန်ရိုးရာဝတ်စုံ)ဆိုတဲ့အဓိပ္ပါယ်ပါ။ ခုပြောပြတဲ့စာလုံးလေးတွေအားလုံးဟာ N5/N4 levelစာလုံးလေးတွေပဲဖြစ်ပါတယ်။ ခန်းဂျိတလုံးခြင်းအပြင် ခုလိုတွဲလုံလေးတွေကိုပါကျက်ထားမယ်ဆိုရင်တော့စာမေးပွဲမှာလဲအခက်ခဲမရှိဖြေဆိုနိုင်မှာပါ။ ✍️✍️✍️頑張ってくださいね #tsubaki日本語学校 #tsubakijapaneselanguagecentre #kanji